ကျနော့်ကိုယ်ပိုင်blogsလေးဟာကိုယ်ပိုင်မှတ်စုတစ်ခုပါ ကျနော်သိတဲ့နည်းပညာလေးတွေလဲအခါအားလျှော်စွာ မျှဝေပေးချင်တဲ့ဆန္ဒနဲ့ပေါင်းစပ်ထားခြင်းကြောင့် အလိုမကျစရာများတွေ့ရင် နားလည်ပေးပါ ဝေဖန်ပါ အကြံပြုပါ မိတ်ဆွေအားလုံး ကျေးဇူးပါခမျ...
Saturday, May 3, 2014
ကျနော့်ရဲ့မိသားစုဘဝနဲ့ဘလော့ဂါ
ကျနော် အရင်က မုံရွာသားလေ3း6ဘလော့နဲ့ စာတွေရေးတယ်နည်းပညာတွေရှာတယ်
ဒါပေမဲ့ နားလည်မှုလွဲတဲ့ ဇနီးသည်ရဲ့အတွေးက ကျနော်အင်တာနက်လိုင်းပေါ်ကနေပြီး
ကောင်မလေးတွေနဲ့ကျူနေတယ်ထင်ပြီး အထင်လွဲခံခဲ့ရတယ်တော်တော်ကြီးကိုအခြေနေဆိုးခဲ့ရတယ်
အမှန်တိုင်းပြောရရင်ကျနော့်ဇနီးသားမယားကျနော်မိသားစုထက်အရေးကြီးတာဘာမှမရှိပါဘူးလေ
အိုင်တီခေတ်ကြီးထဲမှာဒီပညာတွေတတ်ထားသင့်တာပေါ့ဗျာ ရှေ့ကမရောက်ရင်တောင်နောက်မကျစေချင်ခဲ့ပါဘူး ဒါပေမဲ့ ဇနီးမယား ရဲ့အထင်မြင်လွဲမှားမှု့ကိုရင်နင့်အောင်ခံစားနေခဲ့ရင်းကျနော်ရဲ့ကွန်ပြူတာတွေလဲလူအခိုးခံရwebsiteလိပ်စာတွေလဲ အဖျက်ခံခဲ့ရတယ်ဗျာကျနော်အရမ်းကိုစိတ်တွေလေခဲ့ရတယ်
အခုမှပြန်လည်ပြီး နေလင်း(အုပ်ရှင်းကြီးရွာသားလေး)ဆိုပြီးဘလော့အသစ်ထပ်တင်လိုက်ရတာပါ ဆုံးရှုံးသွားခဲ့တဲ့blogsတွေwebsiteတွေအတွက်နှမျောမိရသလို ဇနီးသည်ရဲ့အထင်လွဲမှားခံရမှုတွေလဲရင်ထဲတစ်ပွေ့တစ်ပိုက်ကြီး ခံစားလိုက်ရတယ်ဗျာ အင်တာနက်ပေါ်မှာဘလော့ဂါသမားတစ်ယောက်ဖြစ်ဖို့ဆိုတာလွယ်ကူတဲ့အရာ မဟုတ်သလိုအိမ်ထောင်ရေးဆိုတာလည်းသာယာစေချင်ခဲ့သူတစ်ယောက်ရဲ့ ခံစားမှု့ကို နားလည်နိုင်ကြမှာပါ
အရင်ကတည်းက ကျနော့်အင်တာနက်ဝက်ဆိုက်မှာညစ်ညမ်းတဲ့စာပေ ဗွီဒီယိုဖိုင် ဓာတ်ပုံတွေမတင်ခဲ့ပါဘူး နည်းပညာတွေတင်မယ် ဗဟုသုတဖြစ်စေမဲ့စာပေ ဓာတ်ပုံအလှလေးတွေတင်တယ် ဒါပါပဲ အခုလဲ ဒီအတိုင်းဆက်လက်ကြိုးစားရေးသားသွားမှာပါ
ရှေ့ဆက်အားပေးကြပါအုံးဗျာ ကျနော့်သမီးလေးရှေ့ရေးအတွက်ပြင်ပဝင်ငွေရှာရင်းဘလော့ဂါသမားတစ်ယောက်အနေအဖြစ်နဲ့ နစစ်ဖစ်ဖကဖက်စ်ဖနှစ်ဖက် နည်းလမ်း သမာအာဇီဝကျကျနဲ့လုပ်ကိုင်ကြိုးစားနေလျက်ပါ
အရင်မုံရွာသားလေးဘလော့ကတည်းကအားပေးခဲ့ကြတဲ့သူငယ်ချင်းမိတ်ဆွေအားလုံး အခု နေလင်း (အုပ်ရှင်းကြီးသားလေး)ဘလော့ကိုလဲဆက်လက်အားပေးကြပါ တတ်နိုင်သမျှ နည်းပညာတွေ ဗဟုသုတပိုင်းဆိုင်ရာတွေဆက်လက်ကြိုးစားတင်ပေးသွားပါ့မယ်
အားလုံးကိုကျေးဇူးပါပဲ
ယခုကျနော်အီးမေးဘိပ်စာတွေကတော့
www.naylinnosg@example.com
naylinosg@gmail.com ပါ ဝေဖန်အကြံပြုလိုပါက အီးမေးကနေဆက်သွယ်လာနိုင်ပါတယ်
မင်းနေသွေး(MinNayThway@twitter.com)သို့လဲဆက်သွယ်နိုင်ပါတယ်ခင်များ
ကြိုးစားလျက်
နေလင်း(အုပ်ရှင်းကြီးသားလေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment